Categories
? KI KI Exfoclean (Cocoon Facial Cleanser) ?KI KI ?Exfoclean Product Training

ခီခီရဲ့ Exfoclean☘️ ဆိုတာ ဘာလဲ ???

ခီခီရဲ့ Exfoclean☘️  ဆိုတာ ဘာလဲ ???

ခီခီရဲ့ Exfoclean☘️  ဆိုတာ သဘာဝပိုးဥအိမ်ကို အခြေခံပြီး 

Cleanser နဲ့ Exfoliator☘️  ကို ပေါင်းစပ်တီထွင်ထုတ်လုပ်ထားတဲ့ Facial Exfoliating Cleanser? လေး ဖြစ်ပါတယ်။

မျက်နှာသစ်ဆပ်ပြာ Cleanser အနေနဲ့မျက်နှာမှာရှိတဲ့အညစ်အကြေး၊အဆီ နဲ့ ဖုန် တွေကိုသန့်စင်ပေးပါတယ်။

Exfoclean မှာပါဝင်တဲ့ Cocoon အမျှင်လေးတွေက Physical Exfoliator အနေနဲ့မျက်နှာတွင်ရှိတဲ့ဆဲလ်သေများကိုဖယ်ရှားသန့်စင်ပေးပါတယ်။

AHA ပါဝင်တဲ့အတွက်လည်း Chemical Exfoliator အနေနဲ့မျက်နှာကဆဲလ်သေတွေကိုဖယ်ရှားပြီး အသားရေကိုကြည်လင်ဝင်းပလာစေပါတယ်။

Physical Exfoliating  နဲ့ chemical Exfoliating ဆိုတာဘာလဲ ???

?Physical Exfoliating

——————————

သူက တော့ များသောအားဖြင့် scrub လို့သိကြပါတယ် သကြားတို့ ဆားတို့လိုမျိုး ကြမ်းတဲ့အစိစိလေးတွေနဲ့

အသားရေကိုကြည်လင်ဝင်းပအောင် လုပ်ဆောင်ပေးတာပါ ။ ခီခီရဲ့ Exfoclean လေးကတော့ နူးညံ့တဲ့ ပိုးဥအမျှင်လေးတွေပါဝင်လို့ Physical Scrub အနေနှင့် Exfoliating ကိုလုပ်ပေးနိုင်ပါတယ်။ကွန်ကွန်အမျှင်လေးတွေနဲ့မျက်နှာကိုညင်သာစွာပွတ်တိုက်ပေးပါက မျက်နှာပေါ်ရှိ

ဆဲလ်သေတွေဖယ်ရှားပေးပါတယ်။ဒါ့အပြင် နှာခေါင်းမှာရှိတဲ့ ဆားဝက်ခြံနားတွေပွတ်တိုက်ပေးပါက ဆားဝက်ခြံတွေလဲ လျော့နည်းစေပါတယ် ✨?✨

?Chemical Exfoliating

———————————

သူကတော့ AHA (Glycolic Acid) BHA (Beta Hydroxy Acid) ဆိုပြီးအသိများကြပါတယ် ။လူတိုင်းက Chemical လို့ကြားတာနဲ့ ကြောက်ကြပါတယ်  ။ တကယ်တော့ကြောက်ဖို့မလိုပါဘူး။ မိမိအသားအရေကလိုအပ်တဲ့ percentage အတိုင်း Chemical အနည်းအများပေါ်ပဲ မူတည်တာပါနော်?ဒီ AHA နဲ့ BHA တွေက Gel, Cream, Serum စသဖြင့် အမျိုးအစားအမျိုးမျိုးနဲ့ရှိပြီးတော့ Exfoliator အနေနဲ့အသုံးပြုကြတာပါ။ AHA ကအရေးပြားအပေါ်လွှာကို Resurfacing လုပ်ပေးတော့ နေလောင်တာ၊ အမဲစက်တွေ၊ ဝက်ခြံအမာရွတ်တွေအတွက်သုံးနိုင်ပြီးတော့ BHA ကတော့ ချွေးပေါက်အတွင်းပိုင်းထဲထိသန့်စင်ပေးလို့ ဝက်ခြံနဲ့ချွေးပေါက်ဆိုင်ရာအသားအရေပြသနာများအတွက် သုံးနိုင်ပါတယ်AHA ရော BHA ရောပါဝင်တာမျိုးသုံးပေးနိုင်ရင်ကတော့ ပိုပြီးကောင်းပါတယ်နော်။ AHA/BHA က Anti-Aging Process အတွက်လည်းအရမ်းကောင်းပါတယ်။

Exfoclean မှာ Pineapple Extract ?ခေါ်နာနတ်သီးမှပြုလုပ်ထားတဲ့ AHA ပါဝင်ပါတယ်။

ခီခီရဲ့ Exfoclean လေးက  Physical Exfoliating  ရော Chemical Exfoliating ပါ တစ်ပြိုင်နက်တည်း လုပ်ပေးလို့ ကောင်းမွန်တဲ့အသားရေလေး ရရှိပိုင်ဆိုင်စေမှာပါ ???

Physical Exfoliator = Cocoon Fibre

Chemical Exfoliator = AHA Pineapple Extract

ဒါကြောင့် တခြားမျက်နှာသစ်ဆပ်ပြာတွေနဲ့မတူပဲ ထူးခြားနေတာပါ ။မျက်နှာသစ်ဆေးမဟုတ်ပါဘူးနော် မျက်နှာသစ်ဆပ်ပြာပါ ဒါကြောင့် နေ့စဥ် အသုံး ပြုလို့ရပါတယ်နော်??

#KiKi

#Exfoclean ?

#CocoonFacialExfoliatingCleanser

#NaturalProduct?

#PrideOfMyanmar

#ManufacturedbyKiKi